Category
Stream
::Stream
ရှုပ်နေတဲ့ နားကြပ်ကြိုးတွေကို မဖြည်တော့ပဲ
သီချင်းကိုပဲ ဖွင့်လိုက်တယ်
နွေ.. လှမ်းကြည့်လိုက်ဦး တဖြည်းဖြည်း စီးဆင်းသွား..
စမ်းချောင်းလေး ပျောက်ဆုံး.. [*]
[*] တေးရေး ကေအေတီ “စီးဆင်းသွားတဲ့ စမ်းချောင်းလေး”

::Fire Dance
စက်ဝိုင်းအက္ခရာတွေနဲ့ စာရေးနိုင်တာ
အံ့ဩဖို့ကောင်းလိုက်တာလို့ သူက ပြောတော့
ငါ့ရဲ့ ငြိမ်သက်မှုဟာ
ညဉ့်ယံသောင်ပြင်က မီးကွင်းအကလို ရင်သပ်ရှုမောဖွယ်ရာ
